Data Quality Training for MMCWA’ Maternity Midwives သင်တန်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း HI-MNCH Project မှ Data Quality Training for MMCWA’ Maternity Midwives သင်တန်းကို စက်တင်ဘာလ (၁၆)ရက်နေ့တွင် Summit Park View Hotel, Yangon တွင်  ဆောင်ရွက်ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်  မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူး နှင့် အဖွဲ့က သင်တန်းပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့ ရှိ စီမံချက်ဝင်မြို့နယ် သားဖွားခန်းများမှ သားဖွားဆရာမ နှင့် အရန်သားဖွားဆရာမ တို့ သင်တန်းတက်ရောက်ခဲ့ကြပါသည်။