(HI – MNCH) စီမံချက်၏ ဗဟိုအဆင့် ဆရာဖြစ်သင်တန်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းမှ ဆောင်ရွက်သော High Impact Maternal Newborn and Child Health Activity (HI – MNCH) စီမံချက်၏ ဗဟိုအဆင့် ဆရာဖြစ်သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နှင့်(၁၇)ရက်နေ့တွင် အသင်းဗဟို၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တိုင်းအဆင့် စီမံချက်တာဝန်ခံများ၊ တိုင်းအဆင့် သင်ကြားရေးတာဝန်ခံများ၊ မြို့နယ်အဆင့် စီမံချက် တာဝန်ခံအများ စုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့ကြပါသည်။