MMCWA HIMNCH စီမံချက်မှ “Quality Training for Midwives” သင်တန်း

MMCWA HIMNCH စီမံချက်မှ “Quality Training for Midwives” သင်တန်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ HIMNCH စီမံချက်မှ “Quality Training for Midwives” သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ Summit Park View Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊  jhpiego အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုအကြောင်းကို သင်တန်းပို့ချ ဆွေးနွေးပေးခဲ့ပါသည်။

အဆိုပါသင်တန်းကို သာကေတ၊ ကျောက်တန်း၊ ဒလ၊ မှော်ဘီ၊ သန်လျင်၊ တောင်ဒဂုံ၊ ပြည်၊ တောင်ငူ၊ မအူပင်၊ ဘိုကလေး၊ ပုသိမ်နှင့် ဖျာပုံမြို့နယ်တို့မှ  သားဖွားဆရာမ (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။