MNCH Refresher Training ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း HI-MNCH Project မှ Focal Point Refresher Training နှင့် MNCH Refresher Training သင်တန်းကို ရန်ကုန်မြို့တွင် ဩဂုတ်လ (၁၉)ရက်နေ့မှ (၂၄)ရက်နေ့အထိ ဆောင်ရွက်ပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်  မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူးက သင်တန်းပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဒဂုံမြိုသစ်တောင်ပိုင်းနှင့် ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့မှ အသင်းဝင်စေတနာ့ဝန်ထမ်း (၆၀)ဦးတို့က သင်တန်းတက်ရောက်ခဲ့ကြပါသည်။