MNCH Training for Volunteers သင်တန်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း HIMNCH Project မှ MNCH Training for Volunteers သင်တန်းကို အောက်တိုဘာလ (၂၇)ရက် နှင့် (၂၈)ရက်တို့တွင်  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံး (ဗဟို)၏ သင်တန်းခန်းမတွင်  ဆောင်ရွက်ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်  မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူး နှင့် အဖွဲ့က သင်တန်းပို့ချပေးခဲ့ကြပါသည်။ အဆိုပါ သင်တန်းကို နေပြည်တော်နယ်မြေ၊  ပျဉ်းမနားမြို့နယ် မှ အသင်းဝင်စေတနာ့ဝန်ထမ်း (၃၀)ဦးတို့က သင်တန်းတက်ရောက်ခဲ့ကြပါသည်။