MNCH Training for Volunteers သင်တန်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ HIMNCH Project မှ MNCH Training for Volunteers သင်တန်းကို ၂၀၅ခုနှစ်၊ နိုဝင်ဘာလ(၉)ရက် နှင့် (၁၀)ရက်နေ့တို့တွင်  မန္တလေးတိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်း ရုံး တွင် သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို)၊ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်  မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနား သို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ၊ မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အောင်မြေသာစံခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ နှင့်အတူ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တို့က တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ နှင့် အဖွဲ့၊ မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့  နာယက၊ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ က ချမ်းအေးသာစံမြို့နယ် နဂါးအသင်းပိုင်သားဖွားခန်းသို့လည်းကောင်း၊ မဟာအောင်မြေမြို့နယ် အသင်းပိုင်သားဖွားခန်း(၃) သို့ လည်းကောင်း၊ အမရပူရမြို့နယ် အသင်းပိုင်သားဖွားခန်း နှင့် အသင်းပိုင်မူကြိုကျောင်းများသို့ လည်းကောင်း သွားရောက်စစ်ဆေးကြည့်ရှု့ခဲ့ကြပြီး၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ မှ  ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကို ပြင်ဆင်ဆောင်ရွက်နိုင်ရန် နှင့် လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) မှ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း နှင့် အဖွဲ့က သင်တန်းပို့ချပေးခဲ့ကြပါသည်။
အဆိုပါ သင်တန်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ် နှင့် ပြည်ကြီးတံခွန်မြို့နယ် တို့ အသင်းဝင်စေတနာ့ဝန်ထမ်း (၁၅၀)ဦးတို့က သင်တန်းတက်ရောက်ခဲ့ကြပါသည်။