မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ Psychosocial Support Training for MMCWA’ Volunteers သင်တန်းကို (၁၂-၈-၂၀၂၅)ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(ဗဟို)၏ သင်တန်းခန်းမတွင် ဆောင်ရွက်ပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ နှင့် အသင်းရုံး(ဗဟို)မှ တာဝန်ရှိသူများ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ မှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် စေတနာ့ဝန်ထမ်း တို့က တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားကာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို စတင်ခဲ့ကြပြီးနောက် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းအစီအစဉ်ဖြင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ သင်တန်းပို့ချခြင်းအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ခဲ့ကြရာ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် နှင့် အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်း တို့က သင်ခန်းစာများအား သင်တန်းပို့ချပေးခဲ့ကြပါသည်။
အဆိုပါသင်တန်းသို့ နေပြည်တော်နယ်မြေအတွင်းရှိ ပျဉ်းမနား၊ လယ်ဝေး၊ ဇဗ္ဗူသီရိ၊ ဥတ္တရသီရိ နှင့် ဒက္ခိဏသီရိ မြို့နယ်များမှ အသင်းဝင်စေတနာ့ဝန်ထမ်း (၃၀) ဦးတို့က တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။