Township multiplier training

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဆောင်ရွက်လျက်ရှိသော High Impact Maternal Newborn and Child Health Project , Township multiplier training သင်တန်းကို ၂၀၂၃ ခုနှစ်၊ မတ်လ (၆)ရက် နှင့် (၇)ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ညောင်လေးပင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ညောင်လေး ပင် ကုတင်(၅၀)ဆေးရုံရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း ဗဟို ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်(၃) ဦး သွားရောက်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် များမှ သင်တန်းပို့ချပေးခဲ့ပါသည်။
အဆိုပါသင်တန်းသို့ ပဲခူးတိုင်းဒေသကြီးမှ ကြီးကြပ်သူ (၂)ဦး၊ ခရိုင်မှ ကြီးကြပ်သူ (၂)ဦး၊ မြို့နယ်မှ ကြီးကြပ်သူ (၁) နှင့် ညောင်လေးပင်မြို့နယ်မှ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။