UNICEFအဖွဲ့မှ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကို လာရောက်တွေ့ဆုံခြင်း

 
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့   UNICEF မှ Ms.Penelope Campbell (Chief of YCSD)၊ Ms.Alessia Radice ( Chief of C4D)၊ ဒေါ်အေးအေးသန်း (C4D Specialist)၊ ဒေါ်ဖြူစင်ဝေ (Communication Officer)၊ ဒေါ်ယင်းမာလတ်(Communication Assistance)အဖွဲ့သည် (၂၈-၄-၂၀၁၆)ရက်နေ့ နေ့လည်(၃)နာရီတွင် ဗဟိုအလုပ်အမှုဆောင်အစည်းဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံ ရာတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ IPPF Project မှ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် လက်ထောက်ဆရာဝန်များတွေ့ဆုံခဲ့ပြီး Seven Things Project Evaluation ပြီးစီးမှုအခြေအနေအပြင် အသင်းနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။