Volunteers training (central Level) သင်တန်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း Hi-MMCH မှ “Volunteers training (central Level)” သင်တန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)ရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့်တာဝန်ရှိသူများ နှင့်တိုင်းဒေသကြီးအသီးသီးတို့မှ တိုင်းအဆင့် စီမံချက်တာဝန်ခံ(P.O)များ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် တာဝန်ခံ (P.A)များနှင့် မြို့နယ် မိခင်နှင့်ကလေးအသင်းဝင် စေတနာ့ဝန်ထမ်းများ တက်‌ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ကလေးကျန်းမာဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးများက သင်တန်းပို့ချပေးခဲ့ပါသည်။
အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ သင်တန်းသူ ( ၂၂ )ဦး တက်ရောက်ခဲ့ ကြပါသည်။