၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ၂၀၁၇ခုနှစ်၊သြဂုတ်လ(၁၆)ရက် နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊ဒက္ခိဏသီရိမြို့၊သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင်ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ညွန်ကြားရေး
မှူးချုပ် ဒေါက်တာသာထွန်းကျော်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးချူပ် ဒေါက်တာရီရီမြင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ ၊ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များ ၊မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေး သူငယ်များ ဘ၀မြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်
များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ၊ပြည်ထောင်စုနယ် မြေနေပြည်တော်အတွင်းရှိမြို့နယ်(၈)ခုမှ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့်အတွင်း
ရေးမှူးများ၊မေတ္တာစမ်းရေဆေးခန်းတွင်(၃)ကြိမ်နှင့်အထက်လာရောက်ပြသပြီးသောကိုယ်၀န်ဆောင်များနှင့်၄င်းတို့၏ ခင်ပွန်းများ နှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက် ခဲ့ကြပါသည်။
ပထမဦးစွာ အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ၊ညွန်ကြား ရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ထို့နောက်ကျန်းမာရေးနှင့်အား ကစား၀န်ကြီးဌာန၊ညွန်ကြားရေးမှူးချုပ်များနှင့်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှတာ၀န်ရှိသူများကအခမ်းအနားသို့ တက်ရောက်လာကြသည့်ကိုယ် ၀န်ဆောင်မိခင်များ၊ကို အိုင်အိုဒင်းဆား၊တစ်ခါသုံးမွေး အိတ်၊အားဆေး၊အနှီးပိတ်များနှင့်အားဖြည့်ဆန်များကို ထောက်ပံ့ပေးအပ်ပြီးအာဟာရလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံ များအား ကြည့်ရှုလေ့လာကြပါသည်။
ယင်းနောက် ဒုတိယပိုင်းအစီအစဉ်အရ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊အာဟာ ရဌာနခွဲ မှညွန်ကြားရေးမှူး ဒေါက်တာမေခင်သန်းက“သက်ရှည်ကျန်းမာအာဟာရပြည့်စုံ စွာစာသုံးပါ”ခေါင်းစဉ်ဖြင့်လည်ကောင်း၊ကလေးကျန်းမာဖွံ့ဖြိုးရေးဌာနခွဲမှဒုတိယညွန်ကြားရေးမှူး ဒေါက်တာ သိင်္ဂီအောင်မှ“ ကလေးပြုစုစောင့်ရှောက်ခြင်း”ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် မေတ္တာစမ်းရေဆေးခန်းတွင်(၃)ကြိမ်နှင့်အထက် လာရောက်ပြသပြီးသော ကိုယ်၀န်ဆောင်များ၊နို့တိုက် မိခင်များနှင့်၄င်းတို့၏ခင်ပွန်းများအား မိခင်နို့တိုက်ကျွေးခြင်းနှင့်အာဟာရအကြောင်းများနှင့်ပတ်သက်သောမေး
ခွန်းလွှာများကို ဖြေဆိုစေခဲ့ပြီးထူးချွန်စွာဖြေဆိုနိုင်သော ကိုယ်၀န်ဆောင်များ၊နို့တိုက်မိခင်များနှင့်ခင်ပွန်းများကို အသင်းဗဟိုဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုအဖွဲ့၀င်များက ပထမဆု၊ဒုတိယဆု၊တတိယဆုနှင့်နှစ်သိမ့်ဆုများအသီးသီး
ပေးအပ်ခဲ့ ကြောင်း သတင်းရရှိခဲ့ပါသည်။