ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်နိုင်ငံတစ်ဝန်း ဝက်သက် - ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းအစီအစဉ်အတွက်အသင်းဗဟိုနှင့်တိုင်းဒေသကြီး/ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များသို့အသိပေးဆွေးနွေးခြင်း။

၂၀၁၉ခုနှစ်၊စက်တင်ဘာလ  (၂၃)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း(EPI)မှကြီးမှူး၍“ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်နိုင်ငံတစ်ဝန်း ဝက်သက်- ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းအစီအစဉ်အတွက် အသင်းဗဟိုနှင့်တိုင်းဒေသကြီး/ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်းများသို့ အသိပေးဆွေးနွေးခြင်း” အစည်းအဝေးကို၂၀၁၉ခုနှစ်၊စက်တင်ဘာလ (၂၃)ရက်နေ့နံနက်(၉ : ၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့၊ သုခုမလမ်းရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ရောဂါနှိမ်နင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင်၊ cEPI ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ UNICEF အဖွဲ့မှကိုယ်စားလှယ်၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ဒုတိယဥက္ကဌ(၁)ပါမောက္ခဒေါက်တာမာလာဝင်း၊အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်းနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များ၊တိုင်း ဒေသကြီး/ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌများ၊အတွင်း ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာစည်သူအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။ ထို့နောက်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ ပါသည်။ ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ UNICEF မှ ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဌနှင့်အဖွဲ့ သည် တက်ရောက်လာသောသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ cEPI ( Central Expanded Programme on Immunization) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်နိုင်ဦးမှ နိုင်ငံတစ်ဝန်း ဝက်သက်- ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း အကြောင်းကိုလည်းကောင်း၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးမြချမ်းသာ ကပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းအကြောင်းကိုလည်းကောင်းရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနောက် ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်ပတ်သက်၍  EPI, UNICEF နှင့် MMCWAတို့  ပူးပေါင်းပြုလုပ်မည့် စီမံချက်အကြောင်းကို  UNICEF  မှ ဒေါ်ဖြူစင်ဝေက ဆွေးနွေး တင်ပြခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာသော တိုင်းဒေသကြီး/ ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌများ၊ အတွင်းရေးမှူး မားနှင့် အဖွဲ့ဝင်တို့မှ ဆွေးနွေးတင်ပြရန်ရှိသည်များကို ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားခဲ့ကြပါသည်။