မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းရှင်းလင်းခြင်းနှင့်လက်တွေ့သရုပ်ပြဆန္ဒမဲပေးခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး သို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှ လာရောက်ကာ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း ရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြဆန္ဒမဲပေးခြင်းကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အစည်းအဝေး ခန်းမ ၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ ဥက္ကဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှ အဖွဲ့ဝင် ဦးအောင်လွင်ဦး နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင် နှင့် တာဝန်ရှိသူများ၊ အသင်းရုံးမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး က မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင် က မဲပေးစက်ထုပ်လုပ်ခဲ့ခြင်း နှင့် အသုံးပြုပုံတို့ကို ရှင်းလင်းခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများမှ မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့စမ်းသပ် မဲပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။