ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ မှ နေပြည်တော်ရှိ ငလျင်ဘေးသင့် ပြည်သူများ၊ ဝန်ထမ်းများ နှင့် ဝန်ထမ်းမိသားစုဝင်များအား သောက်ရေသန့်၊ ဆန်နှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းခြင်း

၂၀၂၅ခုနှစ်၊ ဧပြီလ (၆)ရက်နေ့တွင်  ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နာယက ဒေါ်ကြည်ကြည်ထွန်း၊  ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် တို့နှင့်အတူ နေပြည်တော် ရှိ ငလျင်ဘေးသင့် ပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား သောက်ရေသန့်၊ ဆန် နှင့် စားသောက်ဖွယ်ရာပစ္စည်းများ လှူဒါန်းခဲ့ကြပါသည်။ အဆိုပါလှူဒါန်းခြင်းသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် နှင့် အတွင်းရေးမှုး ဒေါက်တာနွယ်နီအုန်းတို့လည်း အတူလိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။
ပထမဦးစွာ အသင်း(ဗဟို) ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး နာယက နှင့် အဖွဲ့တို့သည်   နေပြည်တော်ကုတင်(၁၀၀၀) ပြည့်သူဆေးရုံကြီးတွင် တက်ရောက်ကာ ကုသမှုခံယူနေကြသော ငလျင်ဘေးသင့်လူနာများကို လှူဒါန်းပစ္စည်းများ ပေးအပ်ကာ အားပေးစကားပြောကြားခဲ့ကြပါသည်။
ထို့နောက် ရန်အောင်မြင်ရွှေလက်လှ ဓမ္မာရုံရှိ ဘေးသင့်ပြည်သူများအား လည်းကောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှ ဘေးသင့်ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုတို့အားလည်းကောင်း ရေသန့် ၊ ဆန် နှင့် စားသောက်ဖွယ်ရာပစ္စည်းများ သွားရောက်လှူဒါန်းပေးခဲ့ကြပါသည်။