မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း HIMNCH Project မှ Orientation Session on Quality Improvement and Joint Assessment for MMCWA’ Maternity Home ကို ဒီဇင်ဘာလ (၁၁)ရက် နှင့် (၁၂)ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ရှိ Gold Leaf Hotel (Ballroom)ခန်းမတွင် ဆောင်ရွက် ပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း နှင့် ရုံးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ မဟာအောင်မြေ ခရိုင် နှင့် အောင်မြေသာစံခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် စီမံချက်ဝင် မြို့နယ်(၅)မြို့နယ်မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌများ၊ မိတ်ဖက်အဖွဲ့အစည်း မှ တာဝန်ရှိသူများ နှင့် စီမံချက်ဝင်မြို့နယ်(၁၀)မြို့နယ်မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ နှင့် အသင်းပိုင်သာဖွားဆရာမများ တို့က တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနား ကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြား ဖွင့်လှစ်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှအတွင်းရေးမှူး နှင့် အဖွဲ့က သင်တန်း(၂)ရက် တာကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။
